ကလေးကို ဖုန်းပေး သုံးသင့် မသုံးသင့်
ကလေးတွေက အခုနောက်ပိုင်းမှာ အသက်လေး နည်းနည်းရလာရင် ဖုန်းကြည့်တတ်လာသလို ဖုန်းလည်း ကြိုက်တတ်လာကြပါတယ်။ ဖုန်းပေးမကြည့်ရင် ဘာမလုပ်ဘူး။ ဆိုတာမျိုးတွေ ရှိသလို ဖုန်းကြည့်ရမှ ထမင်းစားမယ်ဆိုတဲ့ ကလေးတွေကလည်း ခပ်များများပါ။
မိဘတွေကလည်း နားငြီးသက်သာပြီးရောဆိုပြီး ပေးသုံးရင်းက ကလေးက ဖုန်းစွဲလာတာမျိုးတွေ ဖြစ်လာပါတယ်။ တကယ်ကတော့ ကလေးက လုံလောက်တဲ့ ကြီးထွားဖွံ့ဖြိုးမှု မရသေးခင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရသေးဘူးဆိုရင် ဖုန်းပေးသုံးတာမျိုးက ကလေးကို ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်ပါ။
နောက်တစ်ခုက ကလေးအတွက် သီးသန့်ထုတ်ထားတာမျိုး မဟုတ်တဲ့ ဖုန်းတွေက ကလေးရဲ့ အမြင်အာရုံကို ထိခိုက်စေသလို ဖုန်းကနေထွက်တဲ့ လှိုင်းတွေကလည်း ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုကိုရော ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။
ကလေးက ဖုန်းသုံးရင် ဘာတွေ ဖြစ်လာမလဲ?
- ကလေးက အသက် ၂ နှစ် မပြည့်ခင်မှာ ဖုန်းအပါအဝင် ဘယ်လိုအမျိုးအစား အီလက်ထရောနစ် ပစ္စည်းတွေကိုမှ မသုံးသင့်ပါဘူး။ ကလေးရဲ့ ကျန်းမာရေးကိုရော ကြီးထွာဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်လို့ပါ။
- နောက်တစ်ချက်က ဖုန်းသုံးတာက အပေါ်မှာ ပြောခဲ့သလို ကလေးရဲ့ ဖွံ့ဖြိုးနေဆဲ ကလေးရဲ့ မျက်လုံးလေးတွေကို ထိခိုက်စေပါတယ်။
- ဖုန်းက ထုတ်လွှတ်တဲ့ လှိုင်းတွေက ကလေးရဲက ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
- ကလေးက ဖုန်းသုံးရင် အလှုပ်အရှား နည်းတာက အဝလွန်တာ၊ သွေးတွင်းအဆီများတာ၊ သွေးတိုးဈ ဆီးချို စတာတွေကို ခံစားရနိုင်ခြေ မြင့်စေပါတယ်။
- ကလေးကို ညှက်စေနိုင်ပါတယ်။
- ကျောင်းစာ မလိုက်နိုင်တာမျိုး ဖြစ်မယ်။
- အိပ်ရေးပျက်မယ်။
- ပေါင်းသင်းဆက်ဆံရေး ညံ့သွားမယ်။
- ပြင်ပဗဟုသုတတွေကို ရှာဖွေဖို့ လက်လွတ်သွားနိုင်ပါတယ်။
ဖုန်းပေးသုံးတာက ကလေးကို ပျော်ရွှင်စေတယ်ဆိုရင်တောင် ထိခိုက်နိုင်ခြေက ပိုများနေတာကြောင့် ဖြစ်နိုင်ရင် ကလေးကို ဖုန်းပေးမသုံးတာက အကောင်းဆုံးပါ။
မွန်မွန်